Tuesday, November 8, 2016

ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်

ဆိပ်ဖြူ            နိုဝင်ဘာလ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ရက်နေ့ နံနက် ၉နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်အေးက သင်တန်းဖွင့် အမှာစကားများကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းမြင့်ဝင်းက နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးဟံဝင်းအောင်က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သင်တန်းနည်းပြများအဖြစ်ဆောင်ရွက်မည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment