Sunday, November 6, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘယ်လ်ဂျီယံနိုင်ငံသို့ ထွက်ခွာ




နေပြည်တော် နိုဝင်ဘာ ၅

ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Gen. Mikihail Kostarakos ၏ ဖိတ်ကြားချက်အရ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့် ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး(European Union Military Committee-EUMC Meeting) သို့ တက်ရောက်ရန် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ည ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခရီးစဉ်အတွင်း ဥရောပသမဂ္ဂကာကွယ် ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာကော်မတီ အစည်းအဝေးတက်ရောက်ခြင်း၊ ဥရောပ သမဂ္ဂဆိုင်ရာအကြီးအကဲများ၊ ဥရောပနိုင်ငံအလိုက် ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ဘယ်လ်ဂျီယံနိုင်ငံအတွင်းရှိ အထင်ကရ နေရာများအား လှည့်လည်ကြည့်ရှု လေ့လာသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
(မြ၀တီ)

No comments:

Post a Comment