Sunday, November 6, 2016

မတ္တရာမြို့နယ် ချောင်းပေါက်ကျေးရွာတွင် ဘောလုံးပြိုင်ပွဲကျင်းပ

မတ္တရာ နိုင်ဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အထက်တောင်ကိုင်းကျေးရွာအုပ်စု ချောင်းပေါက်  ကျေးရွာတွင် ဗုဒ္ဓပူဇနိယဘုရားပွဲ အောင်ပွဲ၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် လူငယ်များ ချစ်ကြည်ရင်းနှီးစေရန် ရည်ရွယ်၍ ချောင်းပေါက်ကျေးရွာ ဆရာတော်မှ ဦးစီးကျင်းပသော ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတွင် ချောင်းပေါက်ကျေးရွာ ဆရာတော်မှ ကစားသမားများအား သြဝါဒစကား မြွက်ကြားခဲ့ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကို တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက်နေ့မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အသင်း(၂၄)သင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ပထမဆုကို ကျပ်၂ သိန်း ၅ သောင်း၊ ဒုတိယဆုကို ကျပ် ၂ သိန်း နှင့် တတိယဆု ၁ သိန်း ၅ သောင်း စသည်ဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စိုးကျော်သူထွေး(မတ္တရာ-ပြန်/ဆက်)

No comments:

Post a Comment