Wednesday, November 30, 2016

အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် သန့်ရှင်းလတ်ဆတ်မှု ရှိစေရေးအတွက် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြော

နေပြည်တော်၊ နိုဝင်ဘာ ၂၉
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ အများပြည်သူများ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းစေ ရေးနှင့် သန့်ရှင်းလတ်ဆတ်မှုရှိစေရေးအတွက် ရည်ရွယ်ပြုလုပ်သည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေး ဟောပြောပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မြို့မဈေး ဓမ္မာရုံ၌ကျင်းပရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ ဌာနမှူး ဒေါက်တာဝေဖြိုးအောင်နှင့် ဒေါက်တာမျိုးမင်းတို့က ဆွေးနွေးဟောပြောကြရာ မြိ့မဈေးရှိ စားသောက်ဆိုင်များမှ ချက်ပြုတ်သူများနှင့် ဈေးသူဈေးသားများ တက်ရောက်ကြသည်။


ဆွေးနွေးဟောပြောပွဲအခမ်းအနားတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ ဌာနမှူး  ဒေါက်တာဝေဖြိုးအောင်နှင့် ဒေါက်တာမျိုးမင်းတို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေး Food Safety အဖြစ် သတ်မှတ်ထားသော အချက်(၅)ချက် Five Key to Safer Food ဖြစ်သည့် Keep Clean- လက်သန့်ရှင်းမှု၊ ပန်းကန်ခွက်ရောက်သန့်ရှင်းမှု၊ ချက်ပြုတ်ရာတွင် သန့်ရှင်းမှုအလေးထားခြင်း၊ Separate raw and cooked- မချက်ပြုတ်မီနှင့် ချက်ပြုတ်ပြီးအစားအသောက်များ၊ အသားစိမ်းငါးစိမ်းများနှင့် အခြားအစားအသောက်များကို သီးခြားစီခွဲထားခြင်း၊ Cook Thoroughly- အသားငါးများကို သေချာစွာပြင်ဆင်ချက်ပြုတ်ခြင်း၊ သင့်တော်သည့် အပူချိန်ဖြင့် အချိန်ကြာကြာ ကျက်အောင် ချက်ပြုတ်ခြင်း၊ Keep food at safe temperatures- အချက်ပြုတ်ပြီး အစားအစာများကို အခန်းအပူချိန်တွင် (၂)နာရီထက် ပို၍အထားသင့်ခြင်း၊ အအေးခန်းရေခဲသေတ္တာများတွင်လည်း ရက်ကာလ ကြာရှည်စွာမထားရခြင်း၊ Use safe water and raw materials- သန့်ရှင်လတ်ဆတ်သော အစားအစာကုန်ကြမ်းများနှင့် သန့်ရှင်းသောရေကိုသာအသုံးပြုခြင်း၊ အသင့်စားသုံးနိုင်သည့် အသီးအရွက်များကို ရေဖြင့် သေချာစွာဆေးကြောရန် နှင့် ရက်လွန်သောအစားအသောက်များကို အသုံးပြုခြင်း စသည့်အချက်များ ကို အကျယ်တ၀င့်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ လမ်းဘေးဈေးဆိုင်များ ပါမကျန် သန့်ရှင်းလက်ဆတ်သောစားသောက်ကုန်များကို ကျန်းမာရေးနှင့်အညီ ရောင်းချစေရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နေပြည်တော်သပြေကုန်းဈေး၌လည်း အသိပညာပေးဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment