Wednesday, November 30, 2016

ဇေယျာသီရိမြို့နယ်တွင် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၁/၂၀၁၆) ဆင်းပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၉
ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ကျွမ်းကျင်သည့် အပ်ချုပ်သမားများ ပေါ်ထွက်လာစေရန် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကြီးမှူဖွင့်လှစ်သော အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၁/၂၀၁၆) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၁၀  နာရီခွဲက နေပြည်တော် ဇေယျာသီရိမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) အတွင်းရေးမှူး(၂) ဒေါ်အမာက သင်တန်းဆင်း အမှာစကား ပြောကြားပြီး အဆင့်မြင့်စက်ချုပ်သင်တန်းတွင် ဆုရရှိသူများအား ဆုများချီးမြှင့်သည်။ ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်အေးအေးသင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူတစ်ဦးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။ အဆိုပါသင်တန်းကို ၄၈ ရက်ကြာဖွင့်လှစ်ခဲ့ပြီး ဇေယျာသီရိမြို့နယ်အတွင်းမှ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နွယ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း(ဗဟို)မှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသူများတက်ရောက်ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်( ပြန် /ဆက် )

No comments:

Post a Comment