Monday, November 21, 2016

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာအခမ်းအနား ကျင်းပ


တံတားဦး နိုဝင်ဘာဘာ - ၂၀
ဥရောပသမဂအဖွဲ့၏  ကူညီပံ့ပိုးမှုဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွံ့ဖြိုးတိုးရေးအသင်းနှင့် People In Need တို့ ပူးပေါင်းပြီး(၂၇)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂကလေးသူငယ်အခွင့်အရေးဆိုင်ရာများ သဘောတူစာချုပ် အထိမ်းအမှတ်နေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့နယ် မြင်းသည်ကျေးရွာ အုပ်စု ရေကမိုး ကျေးရွာ ရတနာမိုး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ရတနာမိုးဘုန်းတော်ကြီးသင်ပညာရေးကျောင်းဆရာတော် ဘဒ္ဒန္တဥာဏ၀ံသမှ သြ၀ါဒစကား မြွက်ကြား ပေးသည်။ ဆက်လက်၍ မြင်းသည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသန့်ဇင်ဦးက အမှာစကားပြောကြားပြီး  ကျေးရွာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥက္ကဌ ဦးသန်းမင်းဆွေက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အကြောင်း ရှင်းလင်းပြောကြားပြီး People In Need အဖွဲ့ကိုယ်စား စီမံကိန်းညှိနှိုင်းရေးမှူး ဦးပြည့်ဖြိုးဆွေက အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားရာတွင် ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အထိမ်းအမှတ်နေ့ကို လူတိုင်းသိရှိစေလိုပါကြောင်း ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေရေး၊ ပါဝင်ခွင့်ရရှိရေး၊ တရားမျှတရေး၊ လုံခြုံသောပတ်ဝန်းကျင်ရရှိရေး စသည့်အချက်များပါဝင်ကြောင်း ဒါ့အပြင် လူကြီးမိဘများအနေဖြင့် ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခြင်း၊ လျစ်လျူရှုခြင်း၊ မတော်မရား ပြုကျင့်ခြင်း၊ အဓမ္မခိုင်းစေခြင်းများ မလုပ်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသား/သူများက တေးသရုပ်ဖော် အကများဖြင့်လည်းကောင်း၊ အားကစားပြိုင်ပွဲများဖြင့်လည်းကောင်း ကျင်းပကြပြီး ပြိုင်ပွဲတွင် ဆုရကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
(တံတားဦး၊ ပြန်/ဆက်)   

No comments:

Post a Comment