Friday, November 25, 2016

ပုံတောင်ထိပ်တွင် တရားမဝင်ယစ်မျိုးများ ဖမ်းဆီးရမိ

ကျောက်ထု၊ နိုဝင်ဘာ ၂၅
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ တပြင်းရဲကင်းပိုင်နယ်မြေ ပုံတောင်ထိပ်၌ နိုဝင်ဘာ ၂၄ ရက်က တရားမဝင် ယစ်မျိုးများအား ဟီးနိုးကားဖြင့် သယ်ဆောင်လာစဉ် ဖမ်းဆီးရမိသည်။

အဆိုပါနေ့က တပြင်းရဲကင်းမှူး ဒုရဲအုပ်ရဲမင်းဟန်၊ အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပခုက္ကူ-ကျောက်ထုလမ်းတွင် မောင်းနှင်သည့်ကားများအား ရပ်တန့်စေပြီး စစ်ဆေးကြရာ ဦးစိုးမင်းထွန်း မောင်းနှင်သည့် ဟီးနိုးကားပေါ်တွင် ပြည်တွင်းအရက်ပုလင်းနှင့် ဘီယာများ တန်ဖိုးငွေကျပ် ၆ သိန်း ၆ သောင်းကျော် တန်ဖိုးရှိ ယစ်မျိုးများကို ဖမ်းဆီးရမိသဖြင့် တပြင်းရဲကင်းမှူးက တရားလိုပြုလုပ်၍ (ပ)/၇၈/၂၀၁၆ ယစ်မျိုးဥပဒေပုဒ်မ ၃၀(င)ဖြင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (ဂန့်ဂေါ)

No comments:

Post a Comment