Friday, November 25, 2016

ကျေးရွာရှိ ပြည်သူများ သွားလာမှု အဆင်ပြေရေး ခလောက်သိုက် ကွန်ကရစ်တံတား တည်ဆောက်

အိမ်မဲ၊ နိုဝင်ဘာ  ၂၄
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၆- ၂၀၁၇ ခု ဘဏ္ဍာနှစ် ငွေလုံးငွေရင်း (မူလ) ရန်ပုံငွေကျပ် ၅၆သန်းဖြင့်  ခလောက်သိုက် ကွန်ကရစ်တံတား (အလျား ၇၀ ပေ ×  အနံ ၁၄ပေ× အမြင့်  ၁၈ ပေ) ကိုမိုးထောင်ကုမ္ပဏီ တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ခလောက်သိုက် တံတားပိုင်တိုင်စတင်တူးဖော် နေမှုများအား မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန့်ဇင်သိန်း နှင့် Q.C and  Work Done အဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး တံတားလုပ်ငန်းဆောင်ရွက်မှု သတ်မှတ်ထားသော စံချိန် စံညွန်းနှင့်အညီ ဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်တာဝန်ခံများနှင့်ပေါင်းစပ် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ   ခလောက်သိုက်    တံတားတည်ဆောက်ပြီးပါက ခလောက်သိုက်ကျေးရွာပါ ရွာပေါင်း ၄၄ ရွာ အိမ်ခြေ ၃၇၁၈ အိမ်ရှိ ကျောင်းသား ကျောင်းသူများ ပြည်သူများလူဦးရေ  ၁၅၀၈၁ ဦးတို့ သွားလာရေး ပိုမိုအဆင်ပြေ လွယ်ကူစွာ သွားလာနိုင်မည် ဖြစ်ကြောင်းသိရသည်။

(အိမ်မဲ၊ ပြန်/ ဆက်)

No comments:

Post a Comment