Sunday, November 6, 2016

ကန့်​ဘလူမြို့ မီးသတ်​ဦးစီးဌာန ဝန်​ထမ်းအိမ်​ရာ ​လေးခန်းတွဲတစ်​ထပ်​ ၃၃ ရာခိုင်​နှုန်းပြီးစီး

ကန့်ဘလူ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်ဒေသကြီး ကန့်ဘလူမြို့နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တိုင်ဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေ ကျပ် ၈၁ ဒသမ ၃၀ သန်းဖြင့် ကန့်ဘလူမြို့နယ်မီးသတ်ဦးစီးဌာန ရုံးဝင်းအတွင်းတွင် မီးသတ်ဝန်ထမ်းအိမ်ရာဆောက်လုပ်လျက်ရှိရာ ၃၃ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်​​ကြောင်း သိရသည်

အဆိုပါ အဆောက်အဦကို စက်တင်ဘာ ၆ ရက် က စတင်​​ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တင်ဒါအောင်​ ခန့်မြန်မာခွန်အားသစ်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ရာ ၃၃ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း၊ ယင်းအဆောက်အဦမှာ (၁၀၀ ×၄၀ )ပေ လေးခန်းတွဲတစ်ထပ် RCC အမျိုးအစားဖြစ်​​ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမိုးကျော်သူ၏ ပြောကြားချက်အရ သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ-ပြန်/ဆက်)

No comments:

Post a Comment