Thursday, November 10, 2016

(၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ-ထိုင်း တတိယနေ့ ရိုးရာလက်ဝှေ့ စိန်ခေါ်ပြိုင်ပွဲ ကျင်းပ

ဘားအံ   နိုဝင်ဘာ  ၉
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နှစ်စဉ်မပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိသည့် ကရင်တိုင်းရင်း သား တို့၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော(၆၁)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ-ထိုင်းရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးနှင့် ရိုးရာအောင်လံလုပွဲများကို ကျင်းပလျှက်ရှိရာ နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက မိုက်ရိုင်း(မြန်မာ)နှင့် ကောက်ဖိုးဒါန် (ထိုင်း)၊ စောဘဦး(မြန်မာ)နှင့်ဂျန်ဘို(ထိုင်း)၊ အလူးအလဲယှဉ်ပြိုင်ကြရာ ပူးတွဲသရေရရှိသွားခဲ့ ကြောင်း သိရသည်။

မြန်မာ့ရိုးရာလက်ဝှေ့အောင်လံဗိုလ်လုပွဲများ၊ ကြားအထူးပွဲစဉ်များနှင့်အတူ မြန်မာ-ထိုင်းစိန်ခေါ်ပွဲကြီးများကို နိုဝင်ဘာလ (၇)ရက်မှ (၁၁)ရက်နေ့ထိ နေ့လည်(၁၂)နာရီအချိန်တွင် စတင်ယှဉ်ပြိုင်လျက်ရှိပြီး ယနေ့ည(၉)ရက်နေ့ တတိယနေ့ ပွဲစဉ်တွင် ထိုင်း-မြန်မာရိုးရာ လက်ဝှေ့(၅)ချီစိန်ခေါ်ပွဲ ကြီးတွင် မိုက်ရိုင်း(မြန်မာ)နှင့်ကောက်ဖိုးဒါန်(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ အနိုင်အရုံးမရှိ ပူးတွဲသရေ၊ စောဘဦး (မြန်မာ)နှင့်ဂျန်ဘို(ထိုင်း)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ တွင်လည်း အနိုင်အရုံးမရှိပူးတွဲသရေ ရရှိခဲ့ကြကြောင်း သိရသည်။
 ရိုးရာအောင်လံဗိုလ်လုပွဲများကို(၁၀)ရက်နေ့ စစ်သွေး(စက်ရုံ)နှင့်ရာဇာ(ရွှေမိုးထိငြိမ်းချမ်းရေး)၊ လင်းထက်အောင် (တောင်ကလေး)နှင့် ကျော်စွာဝင်း (ယူနိုက်တက်)၊ ထက်လင်းဦး(တိုက်ဂါး)နှင့် အံဘွား(ယူနိုက်တက်)၊  (၁၁) ရက်နေ့ ထက်အောင်ဦး(တောင်ကလေး)နှင့်ကျားပေါက်(ရန်စစ်ငြိမ်း)၊ သူထက်အောင်(ဇာနည်မောင်)နှင့်ရွှေရာဇာ(စက်ရုံ)၊ အာ ကာသမောင်(တိုက်ဂါး)နှင့်စင်္ကြာဝဋ္ဌာမောင်(တောင်ကလေး)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည့်ဖြစ်ပြီး ထိုင်း-မြန်မာ စိန်ခေါ် ပွဲစဉ်များတွင်(၁၀)ရက်နေ့ သွေးသစ်ဝင်းလှိုင်(ရွှေမိုးထိ)နှင့် ဟိုစန်လတ်(ထိုင်း)၊ရန်နိုင်အောင် (ရွှေမိုးထိငြိမ်းချမ်းရေး)နှင့် ဒဲ့နောင့်ခန်း(ထိုင်း)၊ ဖိုးလပြည့် (မြန်မာ)နှင့် ညူးဝမ်းကျန်(ထိုင်း)၊ (၁၁)ရက်နေ့ ဖျံသွေး(မြန်မာ)နှင့်တာဝမ်ချိုင်း(ထိုင်း) သွေးသစ်အောင်(မြန်မာ)နှင့်ချိုင်းစတမ်း(ထိုင်း)၊ စောမင်းအောင်(မြန်မာ)နှင့်ဘားမီချိုင်း(ထိုင်း)တို့ ဆက်လက်ယှဉ်ပြိုင် ထိုးသတ်ကြမှာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment