Thursday, November 10, 2016

ကလေးဥာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပပြုလုပ်

လှိုင်းဘွဲ   နိုဝင်ဘာ            ၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးများဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး မူလတန်း အဆင့် ကလေးဥာဏ်စမ်း ပဟေဠိပြိုင်ပွဲကို နိုဝင်ဘာ(၉)ရက် နံနက်(၁၀)နာရီအချိန်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆုပေးပွဲအခမ်းအနားတွင် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ပြိုင်ပွဲကျင်းပရခြင်းအကြောင်းကို ကလေးငယ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဥာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ အမှတ်(၅)အခြေခံမူလတန်း(လွန်)ကျောင်းမှ ကျောင်းသား/သူ(၂၁)ဦးတက်ရောက်ခဲ့ပြီး (၁၀)ဦးက ဥာဏ်စမ်းပဟေဠိကစားနည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူ များအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment