Tuesday, November 15, 2016

စားသောက်ဆိုင်များနှင့် လမ်းဘေးစားသောက်ဆိုင်များ အစေားအသောက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာပြင်ဆင် ရောင်းချနိုင်ရေး အသိပညာပေးခြင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲ


နေပြည်တော် နိုဝင်ဘာ ၁၅


စားသောက်ဆိုင်များနှင့် လမ်းဘေး စားသောက်ဆိုင်များတွင် အစေားအသောက် ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ပြင်ဆင် ရောင်းချနိုင်ရေး အသိပညာပေးခြင်းနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က အဖွင့်အမှာစကား ပြောကြားသည်။


အခမ်းအနားတွင် ဒေါက်တာသန်းထွဋ်က လူအများ နေ့စဉ်စားသောက်နေသည့် အစားအသောက်များ ထဲတွင် အထူးသဖြင့် လမ်းဘေး စားသောက်ဆိုင်များနှင့် လှည့်လည် ရောင်းချနေသည့် ပျံကျဈေးသည်များ ရောင်းချနေသည့် အစားအသောက်များသည် စားသုံးသူများအတွက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပြည်သူများ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ရန် အစဉ်တစ်စိုက် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရန် လိုကြောင်း၊ နှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများ၊ လမ်းဘေး ဈေးသည်များ၊ ပြည်သူများနှင့်အတူကွ ပူးပေါင်းဆောင်ရွက်ရန်နှင့် လမ်းဘေးဈေးသည်များနှင့် စားသောက်ဆိုင်များကလည်း ဘေးကင်းသန့်ရှင်းပြီး မှန်ကန်စွာ ချက်ပြုတ်ပြင်ဆင် တည်ခင်း/ဖြန့်ဖြူး ရောင်းချရန်၊ ပြည်သူများ အနေဖြင့်လည်း မှန်ကန်စွာ ရွေးချယ်ဝယ်ယူ စားသောက်သင့်ကြောင်း၊ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ပညာရှင်များ၏ အကြံပြု၍ ညှိနှို်င်းပူးပေါင်း ဆွေးနွေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကောင်းမွန်စွာ ထုတ်လုပ်မှု အလေ့အကျင့်ကောင်း (GMP) ကဲ့သို့ လမ်းဘေး အစားအသောက်များသည်လည်း အစားအသောက် ကွင်းဆင်တစ်ခုလုံး အလေ့အကျင့်ကောင်း များဖြင့် ချက်ပြုတ်ပြင်ဆင်တည်ခင်းရောင်းချလာစေရန် စနစ်တကျ Guideline များဖြင့် အချိန်ယူ၍ လုပ်ဆောင်သွားနိုင်ရန်၊ နိုင်ငံတော်မှ တိကျသော ဆုံးဖြတ်ချက်များ၊ ယနေ့ဆွေးနွေးပွဲ ဆုံးဖြတ်ချက်များဖြင့် Safety and Hygene guideline များချမှတ်၍ တိုင်းနှင့်ပြည်နယ်၊ မြို့နယ်အလိုက် ပညာပေး လုပ်ဆောင်သွားရန်၊ အစားအသောက်များ စစ်ဆေးခြင်း ပြုလုပ်သွားရန်၊ အမျိုးသား ကျန်းမာရေးကော်မတီတွင် ပြည်သူ့ကိုယ် စားလှယ်များ၊ ရှေ့နေချုပ်ရုံး၊ သက်ဆိုင်ရာ အာဏာပိုင်များ၊ ဒေသဆိုင်ရာ အစာနှင့် ဆေးဝါးကော်မတီများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တာဝန်များ သတ်မှတ်၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ယခုအစိုးရသစ် လက်ထက်တွင် (၆)လ စီမံချက်ချ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သို့ အဆင့်ဆင့်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ သန်းထွဋ်က ဆက်လက်ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂနှင့် iNGO နှင့် ဆက်စပ် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ညနေပိုင်းအထိ တက်ရောက် အကြံပြု ဆွေးနွေးကြသည်။


(သတင်းစဉ်)

No comments:

Post a Comment