Tuesday, November 15, 2016

ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ မူးယစ်ဆေးဝါး ဖမ်းဆီးရမိ

သီပေါ၊ နိုဝင်ဘာ ၁၅
သီပေါမြို့ ၊ ဈေးရပ်ကွက် ၊ သီပေါ- နမ္မတူကားလမ်း မိုင်တိုင်အမှတ် ၀/၂ နှင့် ၀/၃ အကြားတွင် နိုဝင်ဘာ ၁၄ ရက် မွန်းလွှဲ (၁) နာရီ အချိန်ခန့်က ယာဉ်တိုက်မှု ဖြစ်ပွားရာမှ  မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ  တုံစင့်ကျေးရွာဘက်မှ မြို့တွင်းဘက်သို့ယာဉ်မောင်း ထွန်းစိန်(၂၅)နှစ် (နမ့်မဝေါရပ်ကွက်၊ နမ့်ဆန်မြို့နေသူ) မောင်းနှင်လာသည့် ဆိုင်ကယ်သည် ၎င်း၏ရှေ့မှ မောင်းနှင်နေသော ဆိုင်ကယ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ပဲ လမ်း၏ တစ်ဘက်ယာဉ်ကြော ဘက်သို့ရောက်ရှိပြီး မျက်နှာချင်းဆိုင် မြို့တွင်းဘက်မှ တုံစင့်ကျေးရွာဘက်သို့ ယာဉ်မောင်း အောင်ညွန့်(၃၇)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့ရာမှ အခင်းဖြစ်ပွားရာနေရာသို့ ဒုရဲအုပ် ညိုမင်းဦး နှင့်အဖွဲ့ရောက်ရှိလာပြီး ဒဏ်ရာများကိုစစ်ဆေး၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ယာဉ်မောင်းထွန်းစိန်၏ ဘောင်းဘီယာဘက်ရှေ့အိတ်ကပ် အတွင်းရှိ ကော်ဘူးအတွင်းမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူ/၀ါရောင် အမှုန့် (၁)ဂရမ်ခန့်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် အဆိုပါ ယာဉ်မောင်း မောင်ထွန်းစိန်အား သီပေါမြို့မရဲစခန်းမှ ယာဉ်(ပ) ၄၉/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈ နှင့် မယ(ပ)၃၆/၁၆၊ မူး/စိတ်- ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။


မြို့နယ်ပြန်/ဆက်

No comments:

Post a Comment