Tuesday, November 15, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ အမှုဆောင်အရာရှိချုပ် အား လက်ခံတွေ့ဆုံ


နေပြည်တော် နိုဝင်ဘာ ၁၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်‌သည် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ၊ အမှုဆောင် အရာရှိချုပ် မစ္စတာ အလက်ဇန္ဒားဖဲလ်မင်း ဦးဆောင်သော အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်‌ အမေရိကန်ပြည်ထောင်စု  ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်‌ ဆောင်ရွက်နိုင်ရေး၊ စီးပွားရေးနှင့်‌ ဘဏ်လုပ်ငန်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။


(သတင်းစဉ်)

No comments:

Post a Comment