Friday, November 4, 2016

အင်္ဂပူမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ခြင်း၊ အသက်(၇၅)နှစ်အထက် အဖွဲ့ဝင်များနှင့် ကိုယ်အင်္ဂါစွန့်လွှတ် အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်



အင်္ဂပူ နိုဝင်ဘာ ၎
         
အင်္ဂပူမြို့နယ်၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၄ရက်နေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း၊ အသက်(၇၅)နှစ်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ကိုယ်အင်္ဂါ စွန့်လွှတ်(EA-1)များအား ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။

    
အခမ်းအနားတွင် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌဗိုလ်ကြီးစံသိန်း (ငြိမ်း) မှ ထောက်ပံ့ငွေများ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြေားကြားသည်။ ထို့နောက် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ ဥက္ကဌ မှ အသက်(၇၅)နှစ်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်းများအား လည်ကောင်း၊ ကိုယ်အင်္ဂါစွန့်လွှတ် (EA-1) များအား လည်ကောင်း၊ အဖွဲ့ဝင်များ၏ သားသမီးများအား လည်ကောင်း အခြေခံပညာသင်စရိတ်နှင့် ထောက်ပံ့ငွေများကို ပေးအပ်ရာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များက လက်ခံ ရယူခဲ့သည်။
         
ယင်းအခမ်းအနားသို့ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဌ ဗိုလ်ကြီးစံသိန်း(ငြိမ်း)နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အသက်(၇၅)နှစ်အထက် အဖွဲ့ဝင်(၉)ဦး အတွက်တစ်ဦးလျှင်ငွေကျပ်(၅၀၀၀၀)နှုန်း၊ ကိုယ်အင်္ဂါ စွန့်လွှတ် (EA-1) အဖွဲ့ဝင်(၈)ဦး အတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀)နှုန်းနှင့် အဖွဲ့ဝင်များ၏ သားသမီးပညာ သင်စရိတ် မူလတန်း (၁၃)ဦးအတွက် တစ်ဦးလျှင် (၁၀၀၀၀)နှုန်း၊ အလယ်တန်း (၃၃)ဦးအတွက် တစ်ဦးလျှင် (၁၅၀၀၀)နှုန်း၊ အထက်တန်း (၂၈)ဦးအတွက် တစ်ဦးလျှင် (၂၀၀၀၀)နှုန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)

No comments:

Post a Comment