Friday, November 4, 2016

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် ရွှေစာရံစေတီ ရင်ပြင်တော်နှင့် ၀န်းကျင် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်


သထုံ  နိုဝင်ဘာ  ၎

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလ ၄ ရက်၊ နံနက် ၇ နာရီက သထုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် ဦးဆောင်သော ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၀န်ထမ်းများ စုပေါင်းကာ သထုံမြို့၊ ရွှေစာရံစေတီတော်ရင်ပြင်တော် သန့်ရှင်းရေး လုပ်ငန်းများနှင့် ၀န်းကျင်သာယာ လှပစေရေး လုပ်ငန်းများကို တပျော်တပါးစုပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

           
အဆိုပါနေ့တွင် သထုံခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၀န်ထမ်းများ စုစုပေါင်း အင်အား ၇၀ ဦးခန့်မှ စေတီတော် ရင်ပြင်တော်အနှံ့ စုပေါင်းတံမြက်လှည်းခြင်း၊ စေတီတော်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည်နေ့ ဂုဏ်ပြုသည့်အနေဖြင့် ဆောင်ရွက်ခြင်းအပြင် စေတီတော်ရင်ပြင်တော် စုပေါင်း တံမြက်လှည်းခြင်းကို ၀န်ထမ်းများ စုပေါင်းကာ အပတ်စဉ် သောကြာနေ့တိုင်း ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။


သက်ဦး(သထုံ)

No comments:

Post a Comment