Friday, November 4, 2016

ပုသိမ်-မုံရွာလမ်းမကြီးအား လမ်းချဲ့ ကတ္တရာ ခင်းခြင်းနှင့် မြေသားလမ်း ပုခုံးတင်ခြင်း ဆောင်ရွက်



မြိုင်  နိုဝင်ဘာ  
           
ပြည်သူများသွားလာရေး  လွယ်ကူချောမွေ့စေပြီး  လမ်းပန်းဆက်သွယ်ရေး  ကောင်းမွန်စေရန်၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်- မြိုင်မြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ လမ်းမကြီးအား လမ်းချဲ့၊ ကတ္တရာခင်းခြင်းနှင့် မြေသားလမ်း ပုခုံးတင်ခြင်းကို   ဂွေးပင်လယ်ကျေးရွာအုပ်စု၊   သံမြေကျင်းကျေးရွာ လမ်းဆုံမှ   လင်းကတောကျေးရွာ   လမ်းပိုင်းထိ  “မြတ်နိုးသူ” ဆောက်လုပ်ရေး ကုမ္ပဏီ နိုဝင်ဘာ ၄ ရက်နေ့တွင် အလယ်ကန်ကျေးရွာအုပ်စု လယ်စုကျေးရွာအနီး၌  ဆောင်ရွက်လျှက်ရှိကြသည်။

           
ယင်းလမ်းမကြီး ဆောင်ရွက်မှုတွင် လမ်းလုပ်သား ဦး(၁၂၀)ကျော် ၊ ယာဉ်(၁၂)စီး၊ လမ်းကြိတ်စက်ကြီး (၄)စီး တို့ဖြင့် အဖွဲ့(၄)ဖွဲ့ခွဲ၍ အရှည်(၁၆)မိုင်၊ ယခင်လမ်းအကျယ် (၁၂)ပေကို (၁၈)ပေအဖြစ် လမ်းချဲ့ခြင်း၊ အမြင့်(၄)လက်မ ထပ်မံမြှင့်တင်ခြင်းနှင့်    မြေသားလမ်း   ပုခုံးထပ်ပိုးပေးခြင်း လုပ်ငန်းများ  ဆောင်ရွက်လျှက်ရှိကြောင်း  လမ်းလုပ်သား ခေါင်းဆောင် ဦးမင်းမင်းက ပြောပြ၍ သိရသည်။


အောင်ကျော်မြင့်

No comments:

Post a Comment