Wednesday, November 2, 2016

ညောင်တုန်းမြို့တွင် အခြေခံစစ်ပညာသင်တန်း ဖွင့်လှစ်သင်ကြား


ညောင်တုန်း               နိုဝင်ဘာ             
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အခြေခံစစ်ပညာသင်တန်းအား မိုးလုံ လေလုံ အားကစားခန်းမတွင် ဖွင့်လှစ်ခဲ့သည်။ သင်တန်းကာလကို ၂၉-၁၀-၂၀၁၆ ရက်နေ့မှ ၆-၁၁-၂၀၁၆ ရက်နေ့ အထိ (၉) ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံစစ်ပညာသင်တန်းအား သင်တန်းမှူးအဖြစ် သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့မှူးများမှ ဆောင်ရွက် မည်ဖြစ်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးမှ ကွပ်ကဲအုပ်ချုပ်ဆောင်ရွက်သွားပါမည်။ သင်တန်းသားများ ရွေးချယ်ရာတွင် ညောင်တုန်းမြို့နယ် ရဲတပ်ဖွဲ့ရှိ လူနေမှီခိုသူရဲမေများအနက် အသက်(၅၅) နှစ်အောက်ရှိသူရဲမေများအား ဆေး အဆင့် (က) မရှိသော ရဲမေများ၊ ကိုယ်ဝန်ရှိသောရဲမေများနှင့် ကလေးငယ်ရှိသောရဲမေများမှအပ စီစစ်ပြီးသော ရဲမေ (၄၁) ဦးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment