Wednesday, November 2, 2016

ကျေးလက်ဒေသ ရေရရှိရေး တွင်းနက်တူးဖော်ခြင်းလုပ်ငန်း မြန်အောင်တွင်ဆောင်ရွက်လျက်ရှိ


မြန်အောင် ၊ နိုဝင်ဘာ ၂
 မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့်နွေရာသီရေပြတ်လပ်မှု မဖြစ်စေရန်အတွက် ၂၀၁၆-၂၀၁၇ ခုဘဏ္ဍာရေးနှစ် ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော တောင်ရိုးဒေသ စမ်းရွာကြီးကျေးရွာ အုပ်စု ဥယျာဉ်ကွင်းကျေးရွာ
 (၄)လက်မ ၊ (၆၀၀)ပေ တွင်းနက်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို နိုဝင်ဘာ ၁ ရက်နေ့က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးသိန်းမင်းနှင့်ဝန်ထမ်းများက ကွင်းဆင်း၍ Soin အမျိုးအစားများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ်  ပြန်/ဆက်   

No comments:

Post a Comment