Tuesday, November 8, 2016

လမိုင်းမြို့နယ်ခွဲမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲ ကျင်းပ

လမိုင်း နိုဝင်ဘာ ၈
မွန်ပြည်နယ်၊ လမိုင်းမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲကို နိုဝင်ဘာလ ၈ ရက် နံနက် ၁၀ နာရီ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲကို ရေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွန်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းစိုးလင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးချစ်တင်တို့က လွှတ်တော် အတွေ့အကြုံများကို ပြည်သူများအား ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူများအနေဖြင့် အခက်အခဲလိုအပ်ချက်နှင့်ပတ်သက်၍ စာဖြင့် နှုတ်ဖြင့်တင်ပြလာမှုများကို ဆွေးနွေးတင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များမှ ညှိနှိုင်းဖြေရှင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ပြည်သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

လမိုင်း(ပြန်/ဆက်)

No comments:

Post a Comment