Tuesday, November 8, 2016

ဂန့်ဂေါတွင် ဝန်ထမ်းပေါင်းစုံကထိန် ကျင်းပ

ဂန့်ဂေါ နိုဝင်ဘာ ၈
ဂန့်ဂေါမြို့တွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများ၏ (၂၁) ကြိမ်မြောက် စုပေါင်းဘုံကထိန် ဆက်ကပ် လှူဒါန်းပွဲကို နိုဝင်ဘာ ၈ ရက်တွင် ဂန့်ဂေါမြို့ သတိပဌာန် သုဿာန်ကျောင်းတိုက်၌ ကျင်းပရာ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဌ ဆရာတော် ဘဒ္ဒန္တဇဋိလထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြ၍ ကထိန် အကျိုးကျေးဇူး တရားတော်ကို နာယူခဲ့ကြသည်။

ထို့်နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများတို့က သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment