Tuesday, November 8, 2016

ဆောင်းသီးနှံ ယာခင်း ကုလားပဲ စိုက်ပျိုးမှု နောက်ကျ

မြိုင် နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် မြိုင်မြို့နယ်ရှိ တောင်သူဦးကြီးများသည်   နှစ်စဉ်နှစ်တိုင်းက ဆောင်းသီးနှံယာခင်း ကုလားပဲ    စိုက်ပျိုးမှုကို     အောက်တိုဘာ     တတိယပတ်က စိုက်ပျိုးကြရပြီး ယခုနှစ်တွင် အောက်တိုဘာ ဒုတိယပတ်မှ 
နိုဝင်ဘာလဆန်းထိ မိုးများ မကြာခဏ    ရွာသွန်းသဖြင့်    ဆောင်းသီးနှံ ယာခင်း ကုလားပဲကို နိုဝင်ဘာ ၈ ရက်နေ့တွင်    စိုက်ပျိုးကြရာ   မြိုင်မြို့နယ် ၊  အလယ်ကန်ကျေးရွာ    တောင်သူ ဦးမောင်ဆွေ၏ ယာခင်း တစ်ဧက၌ မြောင်းအတန်းဆွဲ၍   အစေ့တိုက်ရိုက်စိုက်ပျိုးပြီး   ကုလားပဲ တစ်တင်းခွဲ စိုက်ပျိုးပြီးခဲ့ကြောင်းနှင့် အခြားတောင်သူ ဦးကြီးများ အနေဖြင့်လည်း ကုလားပဲကို နောက်ကျမှ စိုက်ပျိုးလျက်ရှိကြကြောင်း သတင်းရရှိသည်။

မြိုင် (ပြန်/ဆက်)

No comments:

Post a Comment