Friday, November 18, 2016

မောင်တောမြို့နယ်အတွင်းမှ မသင်္ကာသူ (၁၄)ဦးဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်စဉ် များကြောင့် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက မသင်္ကာသူ (၁၄)ဦးအား ဖမ်းဆီးရမိခဲ့ သည်။


အမှတ် (၄) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များသည်  နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲခန့်က သက်ကိုင်ညာကျေးရွာသို့ ၀င်ရောက်ရှင်းလင်းရာ မသင်္ကာသူ ဒီမိုဟာမတ် (၃၃) နှစ် (ဘ) မိုဆာအာလီ အပါအ၀င် (၅) ဦးအားလည်းကောင်း၊ ဖားဝပ်ချောင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီခန့်တွင် ၀က်ပြင် ကျေးရွာသို့ ၀င်ရောက်ရှင်းလင်းရာ မသင်္ကာသူ ဆွေယော့ကာဆင် (၃၆) နှစ်(ဘ) မာမတ်ကော်ရိပ် အပါအ၀င် (၃)ဦးအားလည်းကောင်း၊   ပွင့်ဖြူချောင်းရွာသို့ အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များသည်  နံနက် ၁၁ နာရီခွဲခန့်က ၀င်ရောက် ရှင်းလင်းရာ ပွင့်ဖြူချောင်းကျေးရွာနေ မသင်္ကာသူ မိုဟာမတ် အယ်ကရုန် (၃၅) နှစ် (ဘ) ဆာဘစ်ဟူဆိန်း အပါအ၀င် (၆) ဦးအားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထား သည်။ 

No comments:

Post a Comment