ကျောက်ဆည် နိုဝင်ဘာ ၎
ကျောက်ဆည်မြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင်
နိုဝင်ဘာ(၄)ရက် နံနက်(၁၀)နာရီက (၂၈)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
နှစ်ပတ်နေ့အထိမ်းအမှတ် အနေဖြင့်ဝန်ထမ်းများစုပေါင်းသွေးလှူန်းခဲ့ကြောင်းသိရှိရသည်။
သွေးလှူဒါန်းရာတွင် ဆေးရုံအုပ်ကြီး
ဒေါက်တာဦးတိုးတိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်နှင့်
ခရိုင်အုပ်ချုပ်ရေးမူးဦးမြင့်နိုင်တို့က လို့အပ်သည်များ ဖြည့်ဆည်းပေးပြီး
အားပေးကြည့်ရှုခဲ့သည်။
သွေးလှူဒါန်းသူများအားရောဂါဗေဒကျွမ်းကျင်ဆရာဝန်၊
သွေးအလှူခံဌာနတာဝန်ခံဒေါက်တာအောင်အောင်ဦးနှင့် အခြားကျွမ်းကျင်ဆရာဝန်များ
ကျန်းမာရေးဝန်ထမ်းများမှ စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ခြင်း သွေးအမျိုးအစားခွဲခြားခြင်း၊
ရောဂါပိုးစစ်ဆေးခြင်းစသည်တို့ကို ဆောင်ရွက်ပြီး သွေးဖောက်လက်ခံရယူခဲ့ကြောင်း
သိရှိရပြီး သွေးလှူရှင်များအား အဟာရပြန်လည်ပြည့်ဝစေရန်အတွက် ပြည်သူ့ဆေးရုံကြီးမှ
အဟာရဖြစ်အစားအစာနှင့် အချိုရည်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment