Friday, November 4, 2016

မိုးမြေပဲစိုက် အညာမြေတောင်သူများ အရှုံးဖြင့် ရင်ဆိုင်ရ


မြိုင်  နိုဝင်ဘာ 
မကွေးတိုင်းဒေသကြီး၊    ပခုက္ကူခရိုင်- မြိုင်မြို့နယ် အညာမြေတောင်သူများသည် မိုးမြေပဲကို ဇွန်လဆန်းက စိုက်ပျိုး ခဲ့ကြရာ ဇူလိုင်၊ စက်တင်ဘာနှင့်  အောက်တိုဘာလများတွင် မိုးများ မကြာခဏ ရွာသွန်းမှုကြောင့် မြေပဲပင် အပင်များ ဖြစ်ထွန်းမှုအားကောင်းပြီး    မြေပဲဥတွင်   အဥနည်းခြင်း၊   မြေပဲဥဖော်ရက်တွင် နှစ်စဉ်က အောက်တိုဘာ လလယ်တွင်     မြေပဲဥများ     ဖော်ကြရသော်လည်း   ယခုနှစ်တွင်    မိုးများ ရွာသွန်းနေသဖြင့် နိုဝင်ဘာလဆန်းတွင် ဖော်ကြရသော ကြောင့် မြေပဲအညှာများမှာ ဆွေးမြေ့၍ မြေသို့  ကြွေကျ ပြုတ်ကျခြင်း၊ အလုပ်သမားတစ်ဦးလျှင် တစ်နေ့  လုပ်အားခ သုံးထောင် ပေးချေရခြင်းနှင့် စိုက်ပျိုးစရိတ် ကုန်ကျမှုများခြင်းတို့ကြောင့် မြေပဲရောင်းရငွေထက် ကုန်ကျငွေ  စရိတ်တို့က ပိုနေသောကြောင့် မြေပဲစိုက် တောင်သူများ အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း မြေပဲစိုက်တောင်သူတစ်ဦးက  ပြောပြ၍ သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)


No comments:

Post a Comment