Friday, November 4, 2016

မျက်စိရောဂါဝေဒနာ ခံစားနေရသူများအား အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိ

ဝါးခယ်မ နိုဝင်ဘာ ၎
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ဒေသခံပြည်သူ မျက်စိဝေဒနာ ခံစားနေရသူများအား ဆဋ္ဌမအကြိမ်မြောက်အဖြစ် စက္ခုပါလ မျက်စိအခမဲ့ ခွဲစိတ်ကုသပေးမှုကို စာရေးကုန်းရပ်ကွက် ဝါးခယ်မ မြို့နယ်အသင်း(ရန်ကုန်)ရုံးခွဲ စက္ခုပါလဆေးခန်း၌ နိုဝင်ဘာ ၄ ရက် နံနက်မှ စကာ စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အသင်း စက္ခုပါလ မျက်စိအခမဲ့ကုသရေး အလုပ်အမှုဆောင် အဖွဲ့က ကြီးမှူး၍ ဆဋ္ဌမအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး  မျက်စိအထူးကုဆရာဝန် ပါမောက္ခ ဒေါ်ဌေးဌေးလွင်၊ မျက်စိကျွမ်းကျင် ဒေါ်နီလာတို့က ဦးဆောင်ကာ စက္ခုပါလ မျက်စိ အခမဲ့ကုသရေး အလုပ်အမှုဆောင်အဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်အားဒါန ပြုလုပ်ပေးသူများဖြင့် မျက်စိရောဂါ ဝေဒနာရှင်များကို သုံးရက်ကြာ ကုသပေးသွားဖြစ်ကြောင်းနှင့်  နိုဝင်ဘာလ ၄ ရက်နေ့ ပထမနေ့အဖြစ် စမ်းသပ်စစ်ဆေး ကုသပေးရန် စာရင်းပေးသွင်းထားသူ ၆၀၀ ဦးခန့် ရှိကြောင်း စက္ခုပါလအသင်းဥက္ကဋ္ဌ ဦးဝင်းတင့်၏ ပြောပြချက်အရ သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment