Friday, November 4, 2016

စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ကျွန်းလှတွင် ဖွင့်လှစ်


ကျွန်းလှ    နိုဝင်ဘာ   ၎
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော စာရေးဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး သင်တန်း ဖွင့်ပွဲကို နိုဝင်ဘာ၎ရက်နေ့ နံနက်၉နာရီက မြို့နယ် စုပေါင်းရုံးခန်းမတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အမှာစကားပြောကြားပြီး ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းကြောင်း သိရသည်။ 
အဆိုပါသင်တန်းတွင် ဥပဒေ/နည်းဥပဒေများ/ ရုံးစာရေးသားနည်း/ငွေစာရင်း/ အခွန်(၄)မျိုးနှင့် အမိန့်ညွှန်ကြားချက် ဘာသာရပ်တို့ကို သုံးရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ပြီး စာရေးဝန်ထမ်း၅၀ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

ကျွန်းလှ (ပြန်/ဆက်)

No comments:

Post a Comment