Friday, November 4, 2016

မိတ္ထီလာမြို့ ပြည်ထောင်စုတိုးချဲ့ရပ်ကွက်နှင့် ပေါက်ချောင်းတိုးချဲ့ရပ်ကွက်များ နွေရာသီတွင် ရေအခက်အခ မရှိစေရေးအတွက် ရေပေးဝေနိုင်ရန် ရေစင်များ ဆောက်လုပ်


မိတ္ထီလာ  နိုဝင်ဘာလ ၎
မိတ္ထီလာမြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ်သိန်း(၅၀)နှင့်အထက် မြို့ရေပေးဝေရေးလုပ်ငန်းများဖြစ်သည့် ပြည်ထောင်စုတိုးချဲ့ရပ်ကွက်နှင့် ပေါက်ချောင်းတိုးချဲ့ ရပ်ကွက်များတွင် နွေရာသီတွင် ရေများအခက်အခဲ မရှိစေရေးအတွက် ရေပေးဝေနိုင်ရန် အဆိုပါရပ်ကွက်များတွင် ရေစင်များ ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များတွင်  နွေရာသီတွင် ရေများ အခက်အခဲ မရှိစေရေးအတွက်  ရေပေဝေနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့ပေါ် ရပ်ကွက်များအတွင်း ပြည်ထောင်စုတိုးချဲ့ရပ်ကွက်နှင့် ပေါက်ချောင်းတိုးချဲ့ရပ်ကွက်များတွင် နွေရာသီတွင် ရေများအခက်အခဲရှိနေ၍   အဆိုပါ ရပ်ကွက်များ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး မျိုးသစ်ထွန်း ကုမ္ပဏီမှ တာဝန်ယူ၍ ဂါလံ(၁၂၀၀၀)ဆန့် အမြင့်(၄၀)ပေရှိ (Steel Structure)ရေစင်တစ်စင်စီ ဆောင်လုပ်လျက်ရှိရာ ရေစင်များ ဆောက်လုပ်ပြီးစီးပါက ရေဖြန့်ဝေနိုင်ရေးအတွက် ရေတိုင်များ ဆောင်ရွက်ပြီး မိတ္ထီလာကန်မှ ရေများ ရေစက်ကြီးများဖြင့် တင်၍ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိက ပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment