Tuesday, November 29, 2016

အဆင့်မြင့်ရော်ဘာပြား ထုတ်လုပ်ခြင်းသင်တန်း ဖွင့်လှစ်

ရေး၊ နိုဝင်ဘာ၂၈
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်သော ရော်ဘာများ အရည်အသွေးမြင့် ထုတ်လုပ်ရေး၊ ရေရှည် အကျိုးဖြစ်ထွန်းရေးကို ရည်ရွယ်ပြီး အဆင့်မြင့်ရော်ဘာပြားထုတ်လုပ်ခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၁၆) ကို နိုဝင်ဘာ (၂၈)ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးစန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်လှလှဝင်းက စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများကိုလည်းကောင်း ရော်ဘာ လုပ်ငန်းရှင် များအသင်းအဖွဲ့ဝင် ဦးအောင်မြင့်က အသင်း၏လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ချက် များကိုလည်းကောင်း ရှင်းလင်း ပြောကြားကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား (၃၀) ဦးတက်ရောက်ပြီးသင်တန်းကာလမှာ (၃) ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ရေးမြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment