Tuesday, November 29, 2016

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စွမ်းရည်မြှင့်သင်တန်း (၂/၂၀၁၆) ဖွင့်လှစ်

နေပြည်တော်၊ နိုဝင်ဘာ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ကြီးမှူးဖွင့်လှစ်သည့် စွမ်းရည်မြှင့်သင်တန်း (၂/၂၀၁၆) ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၂၈)ရက်နေ့ (နံနက် (၈) နာရီခွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) သင်တန်းကျောင်း ပျဉ်းမနားမြို့၌ ကျင်းပသည်။




အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက သင်တန်း အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးများ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စွမ်းရည်မြှင့်သင်တန်း (၂/၂၀၁၆) တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အမှုထမ်းဝန်ထမ်း (၃၀) ဦး တို့အား နိုဝင်ဘာလ (၂၈) ရက်နေ့မှ ဒီဇင်ဘာ (၂၃) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(ပျဉ်းမနား ခရိုင်ပြန်/ဆက်)

No comments:

Post a Comment