Wednesday, November 30, 2016

မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်ရှိ သံဃာတော်များအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ စာအောင်ဆုထာဝရငွေပဒေသာပင် အလှူငွေများလှူဒါန်း


နေပြည်တော် နိုဝင်ဘာ ၃၀
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများမှ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်း များနှင့် စာအောင်ဆုထာဝရငွေပဒေသာပင် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။

လှူဒါန်းပွဲသို့ မစိုးရိမ်တိုက် သဒ္ဓမ္မနယူပဒေသ ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သြ၀ါဒစရိယ အဘိဓဇမဟာ ရဌဂုရု ဘဒ္ဒန္တပဒုမာဘိဝံသနှင့် မစိုးရိမ်တိုက်သစ် မဟာနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရာဘိဝံသ အမှူးပြုသော သံဃာတော်များတက်ရောက် ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
လှူဒါန်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများ က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရား တော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်သည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ပစ္စည်းများ နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီနှင့် စာအောင်ဆုထာဝရငွေပဒေသာပင် အလှူငွေများ အား လှူဒါန်းသည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် တပ်မတော်အရာရှိကြီး များက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ရေစက်သွန်းချအမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

ယနေ့ကျင်းပသည့် လှူဒါန်းပွဲ၌ မစိုးရိမ်တိုက်သစ်ကျောင်းတိုက်ရှိ သံဃာတော် များအတွက် ဆွမ်းဆန်တော် (၈၀)အိတ်၊ ဆီပိဿာ (၂၀၀)၊ ဆား၊ အာလူး၊ ကြက်သွန်  များ၊ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေ ကျပ်သိန်း (၁၀၀)တို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment