Saturday, November 19, 2016

ရခိုင်ပြည်နယ်အတွင်း ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းထားခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား


နေပြည်တော် နိုဝင်ဘာ ၁၉

ရခိုင်ပြည်နယ်အတွင်း “ဒေသန္တရရဲတပ်ဖွဲ့” ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် သတင်း ထွက်ပေါ်နေမှုမှာ မှားယွင်းကြောင်း နိုဝင်ဘာ ၁၈ ရက်နေ့က ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၁၆)  တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုး က ရှင်းလင်းပြောကြားခဲ့ သည်။

ထို့ပြင် ရခိုင်ပြည်နယ်သာမက အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ဒေသန္တရရဲတပ်ဖွဲ့ဟူ၍ ဖွဲ့စည်းရန် မရှိကြောင်း၊ မြန်မာနိုင်ငံတ၀န်း ရဲတပ်ဖွဲ့ဝင်အင်အား ဖြည့်တင်းရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ခုနှစ် ခုတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ရဲတပ်သားအသစ်များ စုဆောင်းနိုင်ရေး ဆောင်ရွက်ရန်သာ ရှိကြောင်းလည်းဒုတိယ၀န်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment