Saturday, November 19, 2016

နိုင်ငံတကာအဖွဲ့အစည်းများက မောင်တောဒေသသို့ လူသားချင်း စာနာ ထောက်ထား မှု အကူအညီများ ထောက်ပံ့ပေးလျက်ရှိ


နေပြည်တော် နိုဝင်ဘာ ၁၉

နိုင်ငံတကာ အဖွဲ့အစည်းများက မောင်တောဒေသသို့ လူသားချင်း စာနာ ထောက်ထား မှု အကူအညီများ ထောက်ပံ့ ပေးလျက်ရှိပြီး ယင်းထောက်ပံ့မှုများကို WFP ဒေသခံ ၀န်ထမ်းများက သတ်မှတ်နယ်မြေအလိုက် ဖြန့်ဖြူးပို့ဆောင် ပေးလျက်ရှိ ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ မှ သတင်း ထုတ်ပြန် ထားသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP မှ  နိုဝင်ဘာ ၄ရက်မှ နိုဝင်ဘာ ၁၅ ရက် အထိ ဆန် ၂၀၂ဒသမ၃၀၈တန်၊ ပဲ ၂၅ဒသမ၀၁၃တန်၊ ဆီ ၄ဒသမ၂၁၇တန်၊ ဆား ၂ဒသမ၃၇၄တန်၊ ဘီစကစ် ၃၅၁ဒသမ ၂၈၆တန်နှင့် အာဟာရမုန့် တန် ၂၀၀ ထောက်ပံ့ ပေးခဲ့ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော ကြက်ရိုးပြင်၊ ငါးစားကြူးနှင့် ပြောင်ပိုက်ကျေးရွာများသို့ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် လည်းကောင်း၊ ၀ါးပိတ်ကျေးရွာသို့ နိုဝင်ဘာ ၉ရက်နှင့် ၁၀ ရက်တွင်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးပို့ဖြန့်ဖြူးခဲ့ရာ ဆန် ၁၀၁၁အိတ်နှင့် ၄၈ပြည်၊ ပဲ ၈၉အိတ်၊ ဆီ ၃၆၈၈ လီတာ၊ ဆား ၃၉၄ ပိသာနှင့် အခြား အာဟာရဖြည့် စွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီခဲ့ကြောင်း၊ အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့မှ လည်း စားနပ်ရိက္ခာ များ ပံ့ပိုးကူညီလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ထောက်ပံ့ကူညီ လျက်ရှိသော လူသားချင်းစာနာ ထောက်ထား မှု အကူအညီများအား ထိထိရောက်ရောက် ဖြန့်ခွဲပို့ဆောင်နိုင်ရေး တိုးမြှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment