Friday, November 4, 2016

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်၌ နေအိမ်တစ်လုံး မီးလောင်၊ လူတစ်ဦး သေဆုံး



ဟားခါး   နိုဝင်ဘာ ၎
ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်၊ ခိုင်ကမ်းအားကစားရုံအောက်ရှိ ကေထေဘိုရပ်တွင် နိုဝင်ဘာ ၄ ရက် နံနက် ၅နာရီ ၄၅ မိနစ် အချိန်ခန့်က  နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လျှပ်စစ်ပေါင်းအိုး အပူလွန်ကဲခြင်းကြောင့်  မီးလောင်မှုဖြစ်ပွားကာ (၂၅×၂၀)ပေရှိ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး(နှစ်ထပ်) နေအိမ်အပေါ်ထပ်အားလုံး မီးလောင်ကျွမ်းခဲ့ပြီး ယင်းမီးလောင်မှုကြောင့် အပေါ်ထပ်တွင် အိပ်ပျော်နေသော အိမ်ပိုင်ရှင်ဦးကျုံးအုပ်မှာ မီးလောင် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် ( ပြန်/ဆက် )

No comments:

Post a Comment