Wednesday, November 2, 2016

ပညာရည်မြင့်မားရေးနှင့် ဘဏ္ဍာငွေသုံးစွဲမှု မှန်ကန်ရေး ညှိနှိုင်းထပ်ဆင့် ရှင်းလင်းပွဲ ကျင်းပ


ရွှေကျင် နိုဝင်ဘာ  ၁
ပဲခူးတိုင်းဒေသကြီးရွှေကျင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်းပညာရတနာခမ်းမတွင်ပညာရည်မြင့်မားရေးနှင့်ဘဏ္ဍာငွေသုံးစွဲမှုမှန်ကန်ရေးလုပ်ငန်းညှိနှိုင်းထပ်ဆင့်ရှင်လင်းပွဲကိုနိုဝင်ဘာ၁ ရက်နံနက်၉နာရီခွဲ ကကျင်းပသည်။


အခမ်းအနားသို့ ရွှေကျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေး အပါအဝင် ကျောင်းပေါင်း(၁၀၂)ကျောင်းမှ ကျောင်းအုပ်နှင့် အထက်တန်းပြ(၃)ဦး အလယ်တန်းပြ(၂)ဦး မူလတန်းပြ(၂)ဦးတို့ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင်ကျောင်းအုပ်ဆရာကြီးဦးကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစိုးသိန်းက ပညာရည်မြင့်မားရေးနှင့် ဘဏ္ဍာငွေသုံးစွဲမှု မှန်ကန်ရေးတို့ကို ဟောပြောသည်။
တက်ရောက်လာသောဆရာ/ဆရာမများ၏ သိလိုသည့်မေးမြန်းချက်များကို ရွှေကျင်မြို့နယ် အ-ထ-က(ခွဲ) တပ်နယ်မှ ကျောင်းအုပ်ဆရာကြီး ဦးကျင်သိန်းက ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment