Wednesday, November 2, 2016

မြို့နယ်စားသုံးသူအကာအကွယ်ပေးရေးအဖွဲ့ကွင်းဆင်းဆောင်ရွက်


သနပ်ပင်၊   နိုဝင်ဘာ၁
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်စားသုံးသူ အကာအကွယ်ပေးရေးအဖွဲ့သည် နိုဝင်ဘာလ(၁)ရက်  နံနက်(၁၀) နာရီအချိုန်က ဈေးပိုင်းရပ်ကွက် မြို့မဈေးအတွင်းရှိ စတိုးဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၏ အရည်အသွေး မှန်ကန်မူ ရှိ၊ မရှိနှင့် တားမြစ်ကုန်စည်ရောင်းချခြင်း ရှိ၊ မရှိကို ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။





ကွင်းဆင်း ဆောင်ရွက်သော အဖွဲ့သည် ကျန်းမာရေးဦးစီးဌာနမှ တားမြစ်ထားသော စားသုံးရန်မသင့်သော ဆိုးဆေးပါ တောင်ဟောင်ပဲငံပြာရည်နှင့် ငြုပ်ဆီလုပ်ငန်းမှ နေကြာတံဆိပ်ငြုပ်ဆီအိတ်(၃၉)အိတ်၊ ကာလတန်ဖိုး ၅၈၅၀ ကျပ်တိတိကို သိမ်းဆီးခဲ့သည်။
ယင်းနောက် အဖွဲ့ဝင်များသည် သိမ်းဆီးရမိ ငြုပ်ဆီအိတ်များကို  မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အောက်စု သင်္ချိုင်း၌  ဖျက်ဆီး မြေမြုပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment