Tuesday, November 8, 2016

ယင်းမာပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဘက်စုံ ထူးချွန် စာမေးပွဲများကျင်းပ

ယင်းမာပင် နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင်  နိုဝင်ဘာ  ၈  ရက်  နံနက်  ၉  နာရီက  အခြေခံပညာ ကျောင်းများရှိ  စတုတ္တတန်း၊ အဋ္ဌမတန်း၊ ဒသမတန်း ကျောင်းသား/ ကျောင်းသူများ၏ ဘက်စုံထူးချွန် စာမေးပွဲ ကျင်းပသည်။

ဘက်စုံထူးချွန်စာမေးပွဲတွင်  မြို့နယ်အတွင်းရှိ  အထက်တန်းကျောင်း (၁၄) ကျောင်းများမှ  ဒသမတန်း ကျောင်းသား/ ကျောင်းသူ (၂၈) ဦးက  အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ အလယ်တန်းကျောင်း (၅၀) ကျောင်းမှ  အဌမတန်း ကျောင်းသား/ကျောင်းသူ (၆၄) ဦးက  အမှတ် (၂) အခြေခံပညာ အလယ်တန်း ကျောင်းခွဲ တွင်  လည်းကောင်း၊ မူလတန်းကျောင်း (၆၆) ကျောင်းမှ  စတုတ္တတန်း ကျောင်းသား/ ကျောင်းသူ  (၁၄၄) ဦးက  အမှတ် (၁)  အခြေခံပညာ အလယ်တန်းကျောင်းခွဲ တွင်လည်းကောင်း ပြိုင်ပွဲနေရာများ သတ်မှတ် ကျင်းပရာ ကျောင်းသား/ ကျောင်းသူ  စုစုပေါင်း (၂၃၆) ဦး  ဝင်ရောက် ယှဉ်ပြိုင် ဖြေဆိုကြကြောင်း  ပညာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက  ပြောကြားသည်။ 
ထူးချွန်စာမေးပွဲဖြေဆိုရာ စာစစ်ဌာနများအား ပညာရေးဌာနမှ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment