Friday, November 11, 2016

ကျိုင်းလပ်မြို့ရှိ နမ့်ဝမ်းချောင်း ရေကြီးရာမှ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိ

ကျိုင်းလပ် နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ် တွင် နိုဝင်ဘာလ (၁၀)ရက်နံနက် (၆)နာရီ အချိန်က အမှတ်(၁)ရပ်ကွက်မြို့ဝင်တံတားနှင့် မြို့အ၀င်လမ်းမကြီးပေါ် သို့ ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ပြီး ပြည်သူများ အနေဖြင့် စိုးရိမ်မှုများ ရှိခြဲ့ကသော်လည့်း နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ရေများတက်လာခြင်း မရှိတော့ဘဲ ပုံမှန် အခြေအနေသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းလပ်မြို့နယ်၊ မိုင်းပါလျှိုးကျေးရွာအုပ်စု ၊ နမ့်ဝမ်းကျေးရွာရှိ နမ့်ဝမ်းချောင်း မှာရေကြီးရေလျံမှုဖြစ်ပွားခဲ့ရာ နိုဝင်ဘာလ(၁၁)ရက်နေ့ တွင် ရေများ ကျဆင်း သွားပြီဖြစ်သော်လည်း ရေတိုက်စားမှုကြောင့်လမ်းများ ပြတ်တောက် ပျက်စီးခဲ့ပြီး ကား ၊ ဆိုင်ကယ်များ သွားလာ၍ မရသေးဘဲ လမ်းပန်းဆက်သွယ်မှု အခက်အခဲများ ကြုံ တွေ့လျက် ရှိရာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေရန် အတွက် လမ်းဦးစီးဌာနမှ ရေမြောင်းတူးခြင်း၊ လမ်းရှင်းခြင်းများပြုပြင် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment