Friday, November 11, 2016

ကျောင်းကျန်းမာရေးပညာပေး ဟောပြောပွဲ ဂွမြို့၌ ကျင်းပ

သံတွဲ    နိုဝင်ဘာ    ၁၁
ဂွမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲနှင့် သွားကျန်းမာရေး စစ်ဆေးကုသခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၁ရက်နံနက်၁၀၃၀နာရီက ဂွမြို့ အလက မြို့သစ်ကျောင်းတွင် ကျင်းပပြုလုပ်သည်။ 

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အောင်က ဟောပြောပွဲကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သွားဆရာဝန်ဒေါက်တာယဉ်ယဉ်ဝင်းက သွားကျန်းမာရေး အကြောင်း သိကောင်းစရာများနှင့် ဆောင်ရန်/ရှောင်ရန်တို့ကို အသိပညာပေးဟောပြောသည်။
ဆက်လက်၍ ကျန်းမာရေးမှူးအဆင့်-၁ ဒေါ်စန်းစန်းနွယ်က သွေးလွန်တုတ်ကွေးရောဂါနှင့် ဇီကာဗိုင်းရပ် ရောဂါအကြောင်းကို လည်းကောင်း၊ ကျန်းမာရေးဆရာမ ဒေါ်နီနီခိုင်က ငှက်ဖျားရောဂါအကြောင်း သိကောင်းစရာ များကို ပညာပေးဟောပြောခဲ့ကြကြောင်းသိရှိရသည်။
ဟောပြောပွဲအပြီးတွင် သွားဆရာဝန် ဒေါက်တာယဉ်ယဉ်ဝင်းက မူလတန်း ကျောင်းသား/သူလေးများ၏ သွား ကျန်းမာရေးကိုတစ်ဦးချင်း စစ်ဆေး ကုသ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ ၇၅ဦးခန့် တက်ရောက်ကြကြောင်း သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်


No comments:

Post a Comment