Sunday, November 13, 2016

တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် မော်တော်ယာဉ်များအား အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

နေပြည်တော် နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းသည် ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်မှ ဂွဆုံကျေးရွာဘက်သို့ ယမန်နေ့မွန်းလွဲ ၄ နာရီ ၁၀ မိနစ်က မော်တော်ယာဉ်များဖြင့် ထွက်ခွာစဉ် သူဦးလာကျေးရွာအနီးရှိ တံတားသို့ အရောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက လက်လုပ် ရှော့တိုက်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်တစ်စီး မိုင်းစထိမှန် ပျက်စီးခဲ့ပြီး လူများ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။



အလားတူ ကျီးကန်းပြင်နယ်ခြားစောင့် ရဲတပ်ဖွဲ့ကွပ်ကဲမှု ဌာနချုပ်မှ တောင်ပြို ကျေးရွာသို့ သွားရောက်ရန် ထွက်ခွာ လာသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော မော်တော်ယာဉ်အား မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်က ဖော်ကီတောင် တံတားအနီး၌ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများက လက်လုပ်ရှော့တိုက်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကား၏ ၀မ်းဗိုက်နေရာအား ထိမှန်ပျက်စီးခဲ့ပြီး လူများထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment