Friday, November 11, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့ ဗင်းနစ်မြို့နှင့် ဖလော့ရင့်စ်မြို့များသို့ သွားရောက်လေ့လာ


နေပြည်တော် နိုဝင်ဘာ ၁ဝ
အီတလီနိုင်ငံ ဗင်းနစ်မြို့သို့ အလုပ် သဘော ချစ်ကြည်ရေးခရီးရောက်ရှိနေ သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ သည် အီတလီနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးမြင့်နောင်နှင့်အတူ နိုဝင် ဘာ ၉ ရက် မွန်းလွဲပိုင်းတွင်
ဗင်းနစ်မြို့ မှ ဖလော့ရင့်စ်မြို့သို့ အထူးအမြန်ရထား ဖြင့် သွားရောက်ရာ ဖလော့ရင့်စ်မြို့ စံသာ မာရီယာ နိုဗယ်လာဘူတာသို့ ဒေသ စံတော်ချိန် ညနေ ၄ နာရီခွဲတွင် ရောက်ရှိ ကြသည်။
ယင်းနောက် ဖလော့ရင့်စ်မြို့၏ ထင်ရှားသော မိုက်ကယ်အိန်ဂျယ်လို ရင်ပြင်၊ ဒူအိုပိုဘုရားကျောင်းနှင့် ရင်ပြင် တော်ဝန်းကျင်တစ်ဝိုက် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမှု ကို လှည့်လည်ကြည့်ရှုပြီး ဖလော့ရင့်စ်မြို့ မှ ညပိုင်းတွင် အထူးအမြန်ရထားဖြင့် ပြန်လည်ထွက်ခွာရာ ဗင်းနစ်မြို့သို့ ဒေသ စံတော်ချိန် ည ၁ဝ နာရီခွဲတွင် ပြန်လည် ရောက်ရှိကြသည်။
(မြဝတီ)

No comments:

Post a Comment