Saturday, November 19, 2016

တပ်မတော်သင်တန်းကိစ္စရပ်များနှင့် မသန်စွမ်းစစ်သည်များအတွက် အိမ်တွင်းမှုလုပ်ငန်းငယ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေး


နေပြည်တော် နိုဝင်ဘာ ၁၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန်-မြန်မာ ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဂျပန် နိုင်ငံစာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဟောင်း Mr. Hideo WATANABE နှင့်အဖွဲ့အား ယနေ့နံနက် နာရီခွဲက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

နှစ်နိုင်ငံအကျိုး
တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေနိုင်မည့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုပိုမိုပြုလုပ်ရေး၊ မီးရထား ပို့ဆောင်ရေး စနစ်အဆင့်မြှင့်တင်ရေး၊ သင်္ဘောဆိပ်ကမ်း စသည့်သယ်ယူပို့ဆောင်ရေးကို အထောက်အ ကူပြုသည့် ဖွံ့ ဖြိုးရေးလုပ်ငန်းများတိုးမြှင့်လုပ်ဆောင်ရေး၊ တပ်မတော်သင်တန်းကိစ္စရပ်များနှင့် မသန်စွမ်း စစ်သည်များအတွက် အိမ်တွင်းမှုလုပ်ငန်းငယ်များတွင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

(သတင်းစဉ်)

No comments:

Post a Comment