Tuesday, November 1, 2016

အ.ထ.က (ဒေါတမငယ်) ကျောင်း၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်



ဒီးမော့ဆို  နိုဝင်ဘာ  ၁
မျိုးဆက်သစ် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် စာကြည့်တိုက်ကို ကောင်းစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ အထက်တန်းကျောင်း (ဒေါတမငယ်)၌ နိုဝင်ဘာ ၁ ရက် နံနက် ၁၁ နာရီအချိန်တွင် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။





ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဟက်ရီဦးက စာအုပ်စာစောင်များ လာရောက် ငှားရမ်းပေးရခြင်းနှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများ သိရှိစေရန် ရှင်းလင်း ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ကျောင်းသား ကျောင်းသူများ အနေဖြင့် စာသင်ကျောင်းများ၌ သင်ကြားပေးသော ဘာသာရပ်များအပြင် အသိပညာ ဗဟုသုတ ရရှိစေသော စာကောင်း/ ပေကောင်းများကို လေ့လာ ဖတ်ရှုကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ ဖတ်ရှုလိုသော စာအုပ် စာစောင်များ ရှိပါက အကြံပြု၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းဖြင့် ကျောင်းသား ကျောင်းသူများအား သုတ ရသ စာအုပ်စာစောင် (၁၀၀) အုပ်ကို ငှားရမ်းပေးခဲ့ပြီး ခင်းကျင်း ပြသထားသော နံရံကပ် စာစောင်နှင့် မှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment