Tuesday, November 1, 2016

နတ်မောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမြေသန့်ပန္နက်ရိုက် မင်္ဂလာ တရားနာခြင်း

နတ်မောက်       နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၊ မြို့မရပ်ကွက်၌ နိုဝင်ဘာ ၁ ရက် နံနက် ၇ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြေသန့် ပန္နက်ရိုက်မင်္ဂလာ တရားနာခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မြေသန့်ပန္နက်ရိုက် မင်္ဂလာတရားနာတွင် ဆရာတော်(၅)ပါးမှ မြေသန့် မင်္ဂလာ ပရိတ်တရားတော်ရွတ်ဖတ်ခြင်းများ ပြုလုပ်ပေးပြီး မြို့နယ်ကော်မရှင်ဥက္ကဌ ဦးညိုကြီး၊ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဒေါ်ဟေမာလှိုင်၊ မြို့နယ်လ.ဝ.က ဦးစီးအရာရှိ ဦးဇော်မင်း၊ အဆောက်အဦ ပြုလုပ်ရန် တင်ဒါအောင် မြခိုင်ကုမ္ပဏီိ ဦးမြသောင်းနှင့်မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ပရိတ်တရားတော်ကို အတူနာယူခဲ့ကြ ကြောင်း သိရသည်။

လှဝင်း(နတ်မောက်-ပြန်/ဆက်)

No comments:

Post a Comment