Tuesday, November 1, 2016

ငါ့သရောက်မြို့နယ်တွင် ပြည်သူများ စာပေလေ့လာဖတ်ရှုရန် ချိန်ဆွဲထားရှိသည့် စာပေရေချမ်းစင်များသို့ သွားရောက်၍ စာအုပ်သစ်များ ထပ်မံဖြည့်ဆည်းဆောင်ရွက်

ငါ့သရောက် ၊ အောက်တိုဘာ - ၃၁
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များ စာပေလေ့လာဖတ်ရှုလိုသည့် အလေ့အကျင့် ကောင်းများ ပေါ်ထွန်းလာစေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန်ရည်ရွယ်၍ စာပေရေချမ်းစင်အိတ်များကို လူစည်ကားရာ မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများ၊
ကားဂိတ်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ကျေးရွာများတွင် ချိတ်ဆွဲထားရှိပြီး လစဉ် ထုတ် စာပေရေချမ်းစင်စာအုပ်များကို အသစ်၊ အဟောင်းလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းက အဆိုပါ စာပေရေချမ်းစင် အိတ်များ ချိတ်ဆွဲထားရှိရာနေရာများသို့ သွားရောက်၍ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက ယခုလ အသစ်ထွက်ရှိသည့် စာပေရေချမ်းစင်စာအုပ် စာစဉ်အတွဲ(၄)၊ အမှတ်(၉) စာအုပ် များ အသစ်လဲလှယ် ဖြည့်ဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါ့သရောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည် သူများနှင့် ခရီးသွားဧည့်သည်များ လွယ်လင့်တကူ စာပေလေ့လာဖတ်ရှုနိုင်ရေးအတွက် ချိတ်ဆွဲထားသည့် စာပေရေချမ်းစင် နေရာများမှာ ငါ့သရောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဆေးရုံ၊ ငါ့သရောက်မန်းကားဂိတ်၊ သဉ္ဇာဦးလက်ဖက်ရည်ဆိုင်၊ ကမ္ဘာကျော် လက်ဖက်ရည်ဆိုင်နှင့် ကျေးရွာများဖြစ်သည့် ခက်လန်းကန်၊ ဈေးမကြီး၊ အောင်သာကျေးရွာနှင့် ပြာပုံကျေးရွာ စုစု ပေါင်း (၉) နေရာအထိ ချိတ်ဆွဲထားရှိပေးထားကြောင်း သိရပြီး၊ ထိုနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးဒေါ်အေးအေးမိုးနှင့် ဝန် ထမ်းများက ပြည်သူများ စာအုပ်သစ်များ လဲလှယ်ဖတ်ရှုနိုင်ရေးအတွက် ယခုလ အသစ်ထွက်ရှိသည့်စာစဉ်အတွဲ(၄)၊ အမှတ် (၉)စာပေရေချမ်းစင် စာအုပ်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူးဒေါ်အေးအေးမိုး၏ ပြောပြချက် အရ သိရသည်။


ရဲဝင်းနိုင်(ညောင်ဦး-ပြန်/ဆက်) 

No comments:

Post a Comment