Wednesday, November 23, 2016

ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား စွမ်းရည်မြှင့်သင်တန်းဖွင့်

လွိုင်လင်၊ နိုဝင်ဘာ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန ၊ လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ လွိုင်လင်မြို့နယ် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၂၁ ရက် ၊ နံနက်(၈)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ကို နိုင်ငံတော် သမ္မတနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့မှ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စည်းရုံးပေါင်းစပ် လုပ်ကိုင်ဆောင်ရွက်တတ်ရန်လိုကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လုပ်ကိုင် ဆောင်ရွက်တတ်ရန်လိုကြောင်း အခြေခံဖြစ်သည့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများသည် ပြည်သူလူထုနှင့်ထိတွေ့မှုအများဆုံးဖြစ်ကြောင်း စွမ်းဆောင်ရည်ပြည့်ဝရန်လိုကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်မှ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က သင်တန်းစည်းကမ်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းဖွင့်ပွဲကို ရုတ်သိမ်းလိုက်ကြောင်းသိရသည်။   သင်တန်းသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နှင့် စာရေး ၀န်ထမ်းများ (၅၃) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာလ (၂၅)ရက်နေ့ အထိဖြစ်ကြောင်းသိရသည်။                                         

(လွိုင်လင်၊ ပြန်/ဆက်)

No comments:

Post a Comment