Wednesday, November 23, 2016

တရားဥပ​ဒေစိုးမိုး​ရေးနှင့်​ နယ်​​မြေလုံခြုံ​ရေးကိစ္စများ ​တွေ့ဆုံ​ဆွေး​နွေး

သထုံ၊ နိုဝင်​ဘာ ၂၂
မွန်​ပြည်​နယ်​၊ သထုံမြို့နယ်​၊ သုဝဏ္ဏဝတီမြို့၊ သိမ်​ဆိပ်​နယ်​​မြေရဲစခန်းတွင်​ နိုဝင်ဘာလ ၂၂ ရက်၊ မွန်းလွဲ ၁ နာရီအချိန်​က ​နယ်​​မြေရဲစခန်းမှူးနှင့်​ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးများ ဒေသတွင်း တရားဥပ​ဒေ စိုးမိုး​ရေးနှင့်​ နယ်​​မြေလုံခြုံ​ရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်  ​နယ်​​မြေရဲစခန်းမှ တာဝန်ရှိသူများတို့ ​တွေ့ဆုံ​ဆွေးနွေးခဲ့ကြ​ကြောင်း သိရသည်​။


ဆွေးနွေးပွဲတွင်​ သိမ်​ဆိပ်​နယ်​​မြေရဲစခန်းမှူး ရဲအုပ်​​စောယုလှိုင်​က ဒေသတွင်းဖြစ်ပွားခဲ့သည့် မှုခင်းများ၊ ပြည်သူနှင့်ပူးပေါင်းကာ စုံစမ်းဖော်ထုတ်အရေးယူခဲ့မှုများနှင့် မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက် နေသည့် အစီအစဉ်များ တရားဥပ​ဒေစိုးမိုး​ရေး၊ နယ်​​မြေ​အေးချမ်းသာယာ​ရေးနှင့် လုံခြုံ​ရေးကိစ္စများ ပူးပေါင်း​ ဆောင်​ရွက်​မည့်​ အစီအစဉ်​များကို ရှင်းလင်းပြောကြားရာ အုပ်ချုပ်ရေး အဖွဲ့ဝင် များ၊ ရပ်မိရပ်ဖများတို့က ဒေသအတွင်း မှုခင်းကျဆင်းရေး၊ ကြိုတင်ကာကွယ်ရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်ဝင်နိုင်သည့် ရဲလုပ်ငန်းဆိုင်ရာများနှင့်  ပြည်သူတို့၏ လိုလားချက်များကို အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သထုံ၊ ပြန်/ဆက်)

No comments:

Post a Comment