Thursday, November 17, 2016

ဖျာပုံမြို့တွင်ကယ်ရီ ဆိုင်ကယ်များသတ်မှတ်ဝတ်စုံများဝတ်ဆင်မောင်းနှင်ရေးအသိပေး

ဖျာပုံ၊ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ဖျာပုံမြို့တွင် ခရီးသည် တင်ပို့ဆောင်နေကြသော ကယ်ရီ   ဆိုင်ကယ်များအား သတ်မှတ်ပေးထားသည့်   ၀တ်စုံများဝတ်၍    မောင်းနှင်ဆောင်ရွက်ကြရန် သက်ဆိုင်ရာ မှ အသိပေးထားကြောင်း သိရ သည်။

ကယ်ရီဆိုင်ကယ်မောင်းသူများအနေဖြင့် ခရီးသည်တင်ပို့ဆောင်ရေးကိုဆောင်ရွက်ရာတွင် သတ်မှတ်ချက် ယာဉ် စည်းကမ်း၊   လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်ရမည်ဖြစ်ပြီး သတ်မှတ်ချက်ဝတ်စုံများကိုလည်း    (၁-၁၂-၂၀၁၆) ရက်နေ့မှစတင်၍ ၀တ်ဆင်မောင်းနှင်ကြရန်  နှင့် လိုက်နာဆောင်ရွက်ခြင်း  မရှိပါက    သတ်မှတ် ထားသည့်     ကယ်ရီ ဆိုင်ကယ်ဂိတ် သို့  လာရောက်ဂိတ်ထိုးမှုကို ဂိတ်တာဝန်မှူးမှ တားဆီးဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း    ဂိတ်မှူး တစ်ဦး ထံသိရသည်။

(ဖျာပုံ၊ ပြန်/ဆက်)

No comments:

Post a Comment