Thursday, November 17, 2016

ဇေယျာသီရိမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံပန်းရံသင်တန်းဖွင့်လှစ်


နေပြည်တော်၊ နိုဝင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ကြီးဌာန ၏လမ်းညွှန်မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ အခြေခံပန်းရံ သင်တန်း အမှတ်စဉ် (၃/၂၀၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီက ကျွန်းရောင်း ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။


အခမ်းအနားတွင် ဥတ္တရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်က အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်တာဝန်ခံ ဦးသက်မြင့်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၆ ရက်မှ ၂၅ ရက်အထိ ၁၀ ရက်ကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား ၂၀ ဦး တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment