Thursday, November 17, 2016

မောင်တောမြို့နယ်တွင် အကြမ်းဖက်မှု မသင်္ကာ၍ ထိန်းသိမ်းထားသူ တစ်ဦး ကျန်းမာရေး မကောင်းသဖြင့် ဆေးကု သပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြဇင်ကျေးရွာတွင် အမှတ် (၂)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံးမှ ဒုရဲအုပ်တစ်ဦး ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်က မောင်တောမြို့နယ် ဒေသ (၂)၊ နယ်မြေ (၅) မြဇင်ကျေး ရွာသို့ 

နယ်မြေရှင်းလင်းစဉ် ၎င်းကျေးရွာနေ အဒူဟာမီ၏ နေအိမ်အတွင်းမှ တုတ်၊ ဓါးများ ကိုင်ဆောင် ထားသည့် မသင်္ကာသူ ၁၄ ဦးအား စစ်ဆေး ဖမ်းဆီးရမိခဲ့ပြီး အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ဌာနချုပ် (ကျီးကန်းပြင်) တွင် ထိန်းသိမ်းထား စဉ် လောင်း ဒုံကြက်ချောင်း ကျေး ရွာနေ အီဒီရက်စ် (၂၅)နှစ် (ဖ) ရှောင်ရှူအာလောင် သည် သွေးအား နည်းရောဂါ ခံစားနေရသဖြင့် ဆေးတပ်စု မှ ဆေးကုသပေး လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ထားရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment